Saturday, July 14, 2007

၈-ကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်အလှူ

ဝါဆိုသင်္ကန်းကပ်လှူခြင်းဟာ ကျွန်တော်တို့ဆရာကြီးဦးမြကြိုင်ကျောင်းရဲ.နှစ်စဉ်ပြုလုပ်နေကြ အခမ်းအနားများဖြစ်တဲ. ဆရာကန်တော.ပွဲ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲ စတဲ. ဘာသာရေးအခမ်းနားများမှ တစ်ခုဖြစ်ပါတယ် ဆရာကြီးရဲ့ ဦးဆောင်မှူနဲ. ကျောင်းသားဟောင်း ကျောင်းသားသစ်များ စုပေါင်းပါဝင်ပြုလုပ်ကြတဲ့ ကုသိုလ်ပွဲလေးပါ ပျော်စရာကောင်းပြီး ကျောင်းသားအချင်း ရင်းနှီးမှုပိုစေတဲ့ သံလျင်ဘုရားဖူးခရီးစဉ်လေးတစ်ခုလည်း ဖြစ်ပါတယ် ။ အခုဆိုရင် ၈-ကြိမ်မြောက်ပြုလုပ်တဲ့ကုသိုလ်ပွဲပါ။ အခုကျောင်းမှာကပ်ထားတဲ့ ကြော်ငြာကိုရပ်ဝေးရပ်နီးမှ ကျောင်းသားများ နိုင်ငံတကာရောက် ဆရာကြီး၏တပည့်များ သိနိုင်ရန်ဖေါ်ပြပေးလိုက်ပါတယ်။

ဆရာကြီးဦးမြကြိုင် ကြီးမှူး၍ သန်လျှင်မြို့သာသနောဒယဂိုဏ်းထောက်ကျောင်း၌ (27/7/07)သောကြာနေ့တွင်ဝါဆိုသင်္ကန်းကပ် အလှူတော်မင်္ဂလာကျင်းပမည်ဖြစ်ပါ၍ အလှူဝတ္ထုနှင့် လိုက်ပါမည့်လူစာရင်းအား(20/7/07)ရက်နေ့နောက်ဆုံးထား လာရောက်စာရင်းပေးသွင်းကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။